၂၀၁၂ ခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံရဲ့ အလှဆုံး မင်းသမီး ၁၀ ဦးကို ပရိသတ်ကြီးအတွက် ရွေးချယ် ဖော်ပြလိုက်ရပါတယ်။
၁၀။ Cristine Reyes

ဆက်ကျော်သက်အရွယ်တည်းက မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့ပြီး ABS-CBN ရုပ်သံဌာနရဲ့ Eva Fonda ဇာတ်လမ်းတွဲမှာ Eva Fonda အဖြစ် ပါဝင်သရုပ်ဆောင်ရင်း လျှမ်းလျှမ်းတောက် ကျော်ကြားလာတဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ်။ ညှို့အားအပြင်းဆုံး မင်းသမီးများစွာထဲမှ တစ်ယောက်အဖြစ် မဂ္ဂဇင်းပေါင်းများစွာမှာ အကြိမ်ကြိမ်ဖော်ပြခံရပြီး အောင်မြင်မှုများစွာ သိမ်းပိုက်နေဆဲ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
၉။ Angelica Panganiban

အသက် ၆ နှစ်အရွယ်တည်းက Ang TV Show မှာ စတင်ပါဝင်ခဲ့ပြီး အောင်မြင်တဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးနိုင်ခဲ့တဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။ အထက်တန်းကျောင်းသူအဖြစ်လည်း ကျောင်းက ကျင်းပတဲ့ ပွဲတိုင်း အလှဆုံးအဖြစ် အမြဲတမ်းရွေးချယ်ခံရသူ ဖြစ်ပါတယ်။
၈။ Marian Rivera

စပိန်သွေးတဝက်၊ ဖိလစ်ပိုင်သွေးတဝက် ပါဝင်တဲ့ မင်းသမီးချောဟာ GMA ရုပ်သံနက်ဝပ်ရဲ့ ဈေးအကြီးဆုံး မင်းသမီးဖြစ်ပါတယ်။ ဝင်ငွေအကောင်းဆုံး ဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကွီဇုံမြို့တော် Eastwood City ရဲ့ Walk of Fame မှာ အမည်ရေးထိုး ဂုဏ်ပြုခံထားရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။
၇။ Denise Laurel

ABS-CBN ရုပ်သံနက်ဝပ်ရဲ့ ငယ်မွေးခြံပေါက် မင်းသမီးတစ်လက်ဖြစ်ပြီး ဖိလစ်ပိုင် သမ္မတဟောင်း Jose P. Laurel ရဲ့ မြစ်၊ ဒုတိယသမ္မတဟောင်း Salvador Laurel ရဲ့ မြေးဖြစ်ပြီး ပြဇာတ်မင်းသမီးအဖြစ် ငယ်စဉ်က ပါဝင်ခဲ့ဖူးပါတယ်။ အသက် ၁၆ နှစ်ခန့်မှာ စင်ကာပူနိုင်ငံ MTV Asia ရဲ့ Rouge ဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ဖူးပြီး အဆိုတော်အဖြစ်လည်း အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။
၆။ Georgina Wilson

ဖိလစ်ပိုင်နဲ့ အင်္ဂလိပ် ကပြား မင်းသမီးချောဟာ Channel V Philippines ရဲ့ ပင်တိုင် VJ ဖြစ်ပါတယ်။ မော်ဒယ်လည်းဖြစ်၊ ကိုယ်တိုင်လည်း ထုတ်လုပ်သူအဖြစ် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။
၅။ Heart Evangelista
ဖိလစ်ပိုင်နဲ့ အင်္ဂလိပ် ကပြား မင်းသမီးချောဟာ Channel V Philippines ရဲ့ ပင်တိုင် VJ ဖြစ်ပါတယ်။ မော်ဒယ်လည်းဖြစ်၊ ကိုယ်တိုင်လည်း ထုတ်လုပ်သူအဖြစ် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

တရုတ်သွေး တဝက်ပါတဲ့ နှလုံးလှပိုင်ရှင်မင်းသမီးချောဟာ လက်ရှိအချိန်မှာ GMA ရဲ့ အစီအစဉ်တင်ဆက်သူ VJ အဖြစ် ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ အဆိုတော်လည်းဖြစ်၊ မော်ဒယ်နဲ့ မင်းသမီးလည်းဖြစ်တဲ့ Heart ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ကလေးငယ်များအတွက် Heart Can ဆိုတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခု ထူထောင်ပေးထားသလို ဖိလစ်ပိုင် တိရိစ္ဆာန် အခွင့်အရေးအဖွဲ့ PAWS ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။
၎။ Solenn Heussaff

ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ်၊ မိတ်ကပ်ပညာရှင်လည်း ဖြစ်တဲ့ Solenn ဟာ ပြင်သစ်သွေးပါတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ပန်းချီပညာရှင်အဖြစ်လည်း လူသိများပြီး Survivor Philippines: Celebrity Showdown အစီအစဉ်မှာ နောက်ဆုံးသုံးယောက် အဆင့်ထိ ရောက်ရှိခဲ့တဲ့ မင်းသမီးဖြစ်ပြီး ကျွန်းစောင့်နတ်သမီးအဖြစ် တင်စားခံရသူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ဒီဇိုင်းပညာရှင်ဖြစ်တဲ့အပြင် အလှကုန်ပစ္စည်း ဖန်တီးရှင်လည်း ဖြစ်ပြီး အနုပညာနဲ့ ပတ်သက်ရင် ဘက်စုံထူးချွန်တယ်လို့တောင် ပြောလို့ရပါတယ်။

၃။ KC Concepcion (Maria Kristina Cassandra Cuneta Concepcion)

အနုပညာမျိုးရိုးကဆင်းသက်လာတဲ့ KC Concepcion ဟာ လှပရုံသက်သက်မဟုတ်ပဲ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ရဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံတမန်လည်း ဖြစ်ပါတယ်။ စွယ်စုံရမင်းသမီးတစ်လက်အဖြစ်လည်း ထင်ရှားကျော်ကြားသူ ဖြစ်ပါတယ်။
၂။ Anne Curtis

စပိန်သွေးပါတဲ့ Anne ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်ပါတယ်။ အဆိုတော်အဖြစ်လည်း အောင်မြင်မှု ရယူထားနိုင်ပြီး ပြည်တွင်းပြည်ပ မဂ္ဂဇင်းပေါင်းများစွာရဲ့ ညှို့အားအပြင်းဆုံး မင်းသမီးစာရင်းမှာ အမြဲတမ်းလိုလို ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ်။
၁။ Angel Locsin

ဖိလစ်ပိုင်နိုင်ငံရဲ့ နာမည်အကြီးဆုံး မင်းသမီးတစ်လက်ဖြစ်ပြီး FHM, Maxim အစရှိတဲ့ မဂ္ဂဇင်းများစွာမှာ ဖော်ပြခံရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဟောလိဝုဒ်အထိ အောင်မြင်တဲ့ မင်းသမီးလည်း ဖြစ်ပါတယ်။
Source-delodelo
No comments:
Post a Comment