Tuesday, July 10, 2012

ဂျိုလီနဲ.မင်ကြောင်


ဆေးမှင်ကြောင် ၀ါသနာပါတဲ့ အင်ဂျလီ နာဂျိုလီ။


ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်မှာ ဇူလိုင်လ ၈ ရက်နေ့က ဆေးမှင်ကြောင် ဆရာနဲ့ သူ့ဘ၀သူ့အကြောင်း ဖတ်လိုက်ရပါတယ်။ Ajarn Noo Kanpai ဆိုတဲ့ ထိုင်းလူမျိုး ဆေးမှင်ကြောင် ဆရာတဆူဟာ ထိုင်းမင်းသား မင်းသမီးတွေ၊ မော်ဒယ်တွေ၊ တီဗွီ မင်းသား၊ မင်းသမီးတွေ စတဲ့ ကျော်ကြားသူတို့ရဲ့ လက်စွဲ တဦး လည်းဖြစ်ပါတယ်။

တချို့က အလှအပအတွက် ထိုးကြတာဖြစ်သလို တချို့ကတော့ ဂါထာတွေ၊ မန္တန်တွေအုပ်ပြီး အစွမ်း တခုခု အတွက် ဆေး မှင်ကြောင်ကို ထိုးကြတာပါ။ Ajarn Noo Kanpai ဟာ မိခင်ဘက်က အဘိုးဘုန်းကြီးထံကနေ တန္တရ ၊ မန္တရ အတတ် တွေ နဲ့ ဆေးမှင်ကြောင် စုတ်ထိုးတဲ့ အတတ်ပညာကို အမွေဆက်ခံခဲ့တာပါတဲ့။

နောက် ကျန်းမာရေး ချို့ယွင်းမှုတွေကို ပြန်ကောင်းလာစေဖို့ ဆေးကုတဲ့အနေနဲ့လည်း ဆေးမှင်ကြောင်ထိုး သူတွေ ရှိပါ တယ်။ ဆေးမှင်ကြောင်နဲ့ ကုသပေးလို့ နေကောင်းသွားသူတွေကြောင့် ဒီလိုယုံကြည်တဲ့သူတွေ လည်း တိုးများလာကြတယ် လို့ ဆိုပါတယ်။

မြန်မာတွေမှာ နံမည်ကြီးတဲ့ ကြောင်ဆေး၊ ပီယဆေး၊ ငတက်ပြားဆေးစတဲ့ ဆေးမျိုးတွေလို အစွမ်းထက်တယ်လို့ ယူဆကြ တဲ့ ထိုင်းနိုင်က ဆေးမှင်ကြောင်ချစ်သူတွေကလည်း သူ့ဆီမှာ လာကြတာများပါတယ်တဲ့။ ဒီအပြင် နိုင်ငံခြားက လူတွေလည်း လာကြပါတယ်တဲ့။


ဂျိုလီနဲ့ ထိုင်း ဆေးမှင်ကြောင်ဆရာ၊ ဓာတ်ပုံ - Bangkok Post

ဒီအထဲမှာ နံမည်ကျော် ဟောလီဝုဒ် မင်းသမီး အင်ဂျလီနာဂျိုလီလည်း ၂၀၀၃ ခုနှစ်မှာ ထိုင်းနိုင်ငံကိုလာပြီး ဆရာ Noo Kanpai ရဲ့ ဆေးမှင်ကြောင် လက်ရာတွေနဲ့ အလှ ဆင်ခဲ့ပါတယ်။
အင်ဂျလီ နာဂျိုလီရဲ့ ဘယ်လက်မောင်း အပြင်သားမှာ Noo Kanpai ရဲ့ ဆေးမှင်ကြောင် ထိုးချက်ဟာ ထိုင်းနိုင်ငံ ဆေးမှင် ကြောင် လောကမှာ အထင်ကရ လူကြိုက်အများဆုံးဖြစ်လာပြီး ဆေးမှင် ကြောင် ချစ်သူတွေက ဂျိုလီ ဒီဇိုင်းကိုပဲ လာအပ် ကြ တာများပါတယ်တဲ့။ အခုတော့ သူဟာ လူချမ်းသာ တဦးလည်းဖြစ်နေပါပြီ။
ဒီအပြင် Noo Kanpai ရဲ့ လက်ရာကို ဂျိုလီ တယောက်ကြိုက်လွန်းလို့ ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ထပ်လာပြီး ကျား လည် ပြန် ပုံကို သူ့ ကျောအောက်ပိုင်းမှာ ထပ်ထိုးခဲ့ပါသေးတယ်တဲ့။ အဲဒီကျားလည်ပြန်ပုံကို ဆရာ Noo Kanpai က အချိန် ၂ နာ ရီကြာ ထိုးပေးခဲ့ရပါတယ်တဲ့။
အင်ဂျလီ နာဂျိုလီဟာ ဆေးမှင်ကြောင် ထိုးတာကို ၀ါသနာကြီး သူလည်းဖြစ်ပါတယ်။ အခုလို နံမည်ကျော်တွေ ဆေးမှင် ကြောင် ထိုးရာက ထိုင်းလူငယ် အမျိုးသား အမျိုးသမီး တွေလည်း အားကျပြီး ကြိုက်ရာ ဒီဇိုင်းတွေနဲ့ ဆေးမှင်ကြောင် လောက ကျယ်ပြန့်လာပါတယ်တဲ့။
ဒီအပြင် မော်ဂန် ဖောက်စ်၊ လေဒီ ဂါဂါ၊ အေမီဝိုင်းဟောက်စ်စတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ လည်း ဆေးမှင်ကြောင်ထိုးတာ ၀ါသနာ ပါကြပါတယ်။

သူတို့ရဲ့ ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံသာမက အခုမြန်မာ ဆယ်ကျော်သက်မိန်းကလေးတွေလည်း မိဘတွေ မသိအောင် အကြောင်းအမျိုးမျိုးနဲ့ ဆေးမှင်ကြောင် ထိုးလာကြပါတယ်။

တချို့က ယာယီ ကပ်ခွာ ဆေးမှင်ကြောင် တခါသုံးကို အလှ အနေနဲ့ အသုံးပြုလာ ကြပြီး တချို့ ကတော့ ငွေ ကုန်ကြေးကျခံပြီး ဒီဇိုင်းလှလှလေးတွေကို ရင်သား၊ လက်မောင်း၊ ခါး စတဲ့နေရာတွေမှာ ထိုးလာ ကြပါတယ်။

မြန်မာလူငယ်တွေကတော့ ဟိုတလောကဆို ဗိုလ်ချုပ်အောင်ဆန်းပုံထိုးကြတာ အတော်များလာတယ် လို့ သိရပါတယ်။

From Irrawaddyblog

No comments:

Post a Comment