Monday, July 9, 2012

ရွှေစင်နှင့်တွေ.ခြင်း


ရွှေစင်
ရွှေစင်
Q. ရွှေစင် ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့တဲ့ အိပ်မက်က ဘာဘဲ။
A. ရွှေစင်က ငယ်ငယ်ကတည်းက အနုပညာအလုပ်ကို ၀ါသနာပါခဲ့တာ။ ပန်းဖွား ကတတ်တယ်။ ကရာတေး ကစားတယ်။ မြန်မာအကကို ကောင်းကောင်း ကတတ်တယ်။ အနုပညာ ၀ါသနာပါတော့ ငယ်ငယ်ကတည်းက စင်ပေါ်ရောက်ရင် အောက်ကို မဆင်းတော့ဘူး။
Q. အနုပညာအလုပ်က တကယ်ဝါသနာပါလို့ လုပ်ခဲ့တာလား။
A. အရမ်းကို ၀ါသနာပါလွန်းလို့ကို လုပ်ခဲ့တာပါ။ သရုပ်ဆောင် အလုပ်ကိုလည်း ၀ါသနာပါတယ်။ ဒီလောကထဲမှာ ဆွေမျိုးမပြောနဲ့ မိတ်ဆွေတောင်မရှိဘဲ လုပ်ခဲ့ရတာ အခက်အခဲတွေ အများကြီး တွေ့ခဲ့ရတယ်။
Q. မိဘတွေရဲ့ ထိန်းချုပ်တာခံခဲ့ရလား။
A. ထိန်းချုပ်ခံခဲ့ရတာပေါ့။ ငယ်ငယ်က မြို့မှာ ကျောက်ဆည်ဆင်ပွဲရှိတယ်။ အိမ်ကနေ ပေးမထွက်ဘူး။ မိဘတွေက နွေးထွေးမှု အပြည့်အ၀ ပေးခဲ့တယ်။ အဲဒါကြောင့် ချုပ်ချယ်တယ်လို့ မပြောချင်ဘူး။
Q. ကိုယ်ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရတာရောရှိလား။
A. ကိုယ်ဖြစ်ချင်တာလည်း ဒီအနုပညာအလုပ်ပဲ၊ စွန့်လွှတ်ခဲ့ရတာကတော့ ဇာတိမြို့ကို ပြန်ချင်တာ။ မန္တလေးကို လွမ်းလို့ ငိုခဲ့ရဖူးတယ်။
Q. ဆယ်ကျော်သက် အရွယ်မှာ ထိန်းချုပ်ခံရတဲ့ သူတွေကိုရော ဘယ်လို အကြံပေးချင်လဲ။
A. ထိန်းချုပ်တာ မိဘတွေက စိုးရိမ်လို့ပါ။ အကြံပေးစရာ မလိုပါဘူး။ သူတို့ ဆယ်ကျော်သက် အရွယ်ကို ကျော်လွန်ပြီးသွားရင် နားလည်သွားမှာပါ။
Q. သူတို့ဖြစ်ချင်တာဖြစ်အောင် လုပ်ဖို့ ဘယ်လို အကြံပေးချင်လဲ။
A. ဖြစ်ချင်တာတွေကို မိဘကို ပွင့်ပွင့်လင်းလင်း ပြောပြ၊ ကိုယ်တကယ်ဖြစ်ချင်ရင် ကြိုးစားပါ။ မိဘတွေက သားသမီးတွေ ကောင်းဖို့အတွက်ပဲ ပြောတာလို့ မှတ်ယူပြီး ကြိုးစားပါလို့။
Q. ထိန်းချုပ်တဲ့ မိဘတွေကိုရော အရမ်းမထိန်းချုပ်ဖို့ ဘယ်လိုအကြံပေးချင်လဲ။
A. ရွှေစင်ကတော့ မိဘတွေကို ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ဒါကြောင့် သားသမီးနဲ့ မိဘကြားမှာ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။
                                                                                       BY 8 Days Journal

No comments:

Post a Comment